အီလက်ထရွန်းနစ်ပညာကို စတင်လေ့လာမယ်ဆိုရင် ကျွန်တော်မနေ့ကပြေားခဲ့သလို လျှပ်စစ်အခြေခံ
သဘေားတရားတွေကို နားလည်ထားဖို့လိုပါတယ်။လျှပ်စစ်အခြေခံသဘေားတရာတွေကိုမသိသေးတဲ့
သူတွေက ဒီနေရာကိုနှိပ်၍ သွားလေ့လာနိုင်ပါတယ်။သိပြီးသာသူတွေက အီလက်ထရွန်းနစ်ပညာကို
စတင်လေ့လာကြရအောင်။
အရင်ဆုံးအီလက်ထရွန်နစ် Circuit များတွင်အသုံးပြုသော အခြေခံပစ္စည်းများဖြစ်တဲ့
- Resistor (ရီစစ္စတာ)
- Condenser (ကွန်ဒန်ဆာ)
- Diode (ဒိုင်အုဒ်)
- Transistor (ထရန်စစ္စတာ)
- IC (အိုင်စီ)
စတဲ့အခြေခံပစ္စည်းမျာရဲ့ အခေါ်အဝေါ်များ၊ပစ္စည်းပုံများ၊သင်္ကေတပုံများ၊ပစ္စည်းတခုချင်းရဲ့ အလုပ်လုပ်ပုံ
များ၊ပစ္စည်းတခုချင်းကို ကောင်း/မကောင်း Multi meter ဖြင့်စမ်းသပ်နည်းများ စတာတွေကိုသေသေ
ချာချာ နားလည်ထားဖို့လိုပါတယ်။အဲဒါတွေအားလုံးကို သေချာနားလည်သဘေားပေါက်ဖို့အတွက်
ဖြေးဖြေးနဲ့မှန်မှန်လေးလေ့လာကြရအောင်။ဖြေးဖြေးနဲ့မှန်မှန်လေးလို့ ပြောရတဲ့အကြောင်းရင်းကတော့
အချိန်မရတဲ့အတွက် တစ်နေ့ကိုနည်းနည်းပဲရေးပေးနိုင်လို့ပါ။ အချိန်ရတဲ့ရက်ကြရင်တော့ များများရေး
ပေးပါမယ်။ကျွန်တော်သိတာလေးတွေကို အရိုးရှင်းအလွယ်ကူဆုံးနဲ့ လူတိုင်းနားလည်လွယ်အောင်
အတတ်နိုင်ဆုံးကြိုးစားပြီး ရေးပေးသွားပါမယ်။
အပေါ်မှာပြောခဲ့တဲ့ အခြေခံပစ္စည်း (၅) မျိုးရဲ့ပုံလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။ပုံလေးတွေနဲ့မိတ်ဆက်
မပေးခင် ကျွန်တော်စက်ပြင်ရင်း မကြာခဏကြုံတွေ့ရတဲ့ ကိစ္စလေးတစ်ခုကိုပြောပြပါမယ်။စက်ပြင်တဲ့
အခါ အိမ်တိုင်ယာရောက် လိုက်ပြင်ရတာတွေလဲရှိတာပေါ့ဗျာ။အဲလိုအိမ်မှာလိုက်ပြင်တဲ့အခါ အဲဒိအိမ်က
တစ်ယောက်ယောက်က ကျွန်တော်စက်ပြင်နေတာကို လာထိုင်ကြည့်နေတာမျိုးခဏခဏကြုံဖူးပါတယ်။
တချို့ကြတော့ကြည့်ယုံနဲ့အားမရဘူးထင်ပါတယ် ဆားကစ်ပြားမှာတပ်ထားတဲ့ ပစ္စည်းတစ်ခုချင်းကို
လက်ညှိုးထိုးမေးတော့တာပါဘဲ။ဒီအထောင်ဘူးလေးကဘာလေးလဲ/ ဒီလေးထောင့်တုံးလေးကိုဘယ်လို
ခေါ်လဲ/ ရှည်ရှည်လုံးလုံးလေးက ဘူလေးလဲ ဘူလေးလဲ စသဖြင့်ပေါ့ ဘေးကနေထိုင်ပြီး
ပေါက်ပေါက်ဖေါက်တာမျိုးလဲရှိပါတယ်။ဒါပေမဲ့ ကျွန်တော်စိတ်မဆိုးပါဘူး သိချင်လို့မေးတာပဲ
ကျွန်တော်သေချာရှင်းပြပေးပါတယ်။တစ်ခါတလေ စက်ကိုပြစ်ချက်ရှာမရလို့ ခေါင်းမီးခိုးထွက်ချင်နေတဲ့
အခါမျိုးမှာ အဲလိုဘေးနားလာပြီး ပေါက်ပေါက်ဖေါက်နေရင်တော့ စိတ်အနှောက်အယှက်ဖြစ်ပြီး
အလုပ်မှာပါအမှားအယွင်းတွေဖြစ်သွားတတ်ပါတယ်။အဲဒိတော့ ဒါလေးကဘူလေးလဲ ဘူလေးလဲ
ဆိုတာသိချင်ကြတဲ့ မိတ်ဆွေများ အောက်မှာရှိတဲ့ပုံတွေနဲ့ အခေါ်ဝေါ်တွေကိုလေ့လာလိုက်ကြနော်။
Resistor ပုံများ