30.12.14

သင်တန်းဖွင့်မည့်ရက် ရွှေ့ပြောင်းလိုက်ကြောင်း ကြေညာခြင်း

SOCIAL DEVELOPMENT EDUCATION CENTRE
အမှတ် (၈၇)၊ မန္တလေးလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊
ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁


Social Devlopment Education Centre မှဖွင့်လှစ်သော လျှပ်စစ်နှင့်အီလက်ထရွန်းနစ်သင်တန်း အမှတ်စဉ် (၁၅) ကို (၂၃.၁၂.၂၀၁၄) တွင်စတင်ဖွင့်လှစ်မည်ဟု လျှောက်လွှာများခေါ်ခဲ့သော်လည်း အမှတ်စဉ် (၁၄) တွင်တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသားများအား အလိုအလျှောက်လုပ်ဆောင်သော ဆားကစ်များ ၊
အပူကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
အလင်းကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
အသံကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
သံလိုက်ဓါတ်ကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
အနီအောက်ရောင်ခြည်ကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
သက်မှတ်ထားသောအချိန်တွင် ပစ္စည်းအမျိုးမျိုးကို အလိုအလျှောက်အဖွင့်အပိတ်ပြုလုပ်ပေးနိုင်သော
ဆားကစ်များ ၊ စသည်တို့အပြင် အာရုံခံစနစ်အမျိုးမျိုးနှင့် အလိုအလျှောက်လုပ်ဆောင်ပေးသော ဆားကစ်
များကို သင်တန်းသားကိုယ်တိုင် ကိုယ်ပိုင်စိတ်ကူးကိုယ်ပိုင်အတွေးအခေါ်ဖြင့် တီထွင်ဖန်တီးအသုံးချနိုင်စေ
ရန် ဆက်လက်၍လေ့ကျင့်သင်ကြားပေးနေသည့်အတွက် အချိန်နှင့်အခန်းနေရာ အခက်အခဲရှိသော
ကြောင့် အမှတ်စဉ် (၁၅) ဖွင့်မည့်ရက်ကို (၁၄.၁.၂၀၁၅) သိုရွှေ့ပြောင်းလိုက်ပါသည်။
ထို့ကြောင့် လျှောက်လွှာတင်ပြီးသော သင်တန်းသာများ (၁၄.၁.၂၀၁၅) ရက်နေ့တွင် သင်တန်းစတင်တက်
ရောက်နိုင်ပြီး လျှောက်လွှာမတင်ရသေးသောသူများ အောက်ပါလိပ်စာတွင်လာရောက်လျှောက်ထားနိုင်
ပါသည်။

စုံစမ်းမေးမြန်းလိုပါက
အမှတ်(၈၇)၊မန္တလေးလမ်း၊မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁


အမှတ် (၁၉၇/၁၉၉) ၊ (A) ၅ လွှာ ၊ ဗညားဒလလမ်း ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ 
(ဖုန်း) ၀၉၄၂၀၀၈၆၈၄၉

အမှတ်စဉ် (၁၄) သင်တန်းသားများ Project Board ပေါ်တွင် Circuit များလက်တွေ့တည်ဆောက်နေပုံများ

SOCIAL DEVELOPMENT EDUCATION CENTRE မှဖွင့်လှစ်သော အခြေခံလျှပ်စစ် နှင့် အီလက်ထ
ရွန်းနစ်ပညာဒါနသင်တန်း အမှတ်စဉ် (၁၄) တွင်တက်ရောက်နေသော သင်တန်းသားများ Project Board ပေါ်တွင် Circuit များလက်တွေ့တည်ဆောက်နေပုံများ














မောင်တီထွင်

အမှတ်စဉ် (၁၄) သင်တန်းသားများလက်တွေ့လုပ်နေသောပုံများ

SOCIAL DEVELOPMENT EDUCATION CENTRE မှဖွင့်လှစ်သော အခြေခံလျှပ်စစ် နှင့် အီလက်ထ
ရွန်းနစ်ပညာဒါနသင်တန်း အမှတ်စဉ် (၁၄) တွင်တက်ရောက်နေသော သင်တန်းသားများ လက်တွေ့လုပ်
နေစဉ် ရိုက်ထားသော အမှတ်တရဓါတ်ပုံများ















 မောင်တီထွင်