30.12.14

သင်တန်းဖွင့်မည့်ရက် ရွှေ့ပြောင်းလိုက်ကြောင်း ကြေညာခြင်း

SOCIAL DEVELOPMENT EDUCATION CENTRE
အမှတ် (၈၇)၊ မန္တလေးလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊
ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁


Social Devlopment Education Centre မှဖွင့်လှစ်သော လျှပ်စစ်နှင့်အီလက်ထရွန်းနစ်သင်တန်း အမှတ်စဉ် (၁၅) ကို (၂၃.၁၂.၂၀၁၄) တွင်စတင်ဖွင့်လှစ်မည်ဟု လျှောက်လွှာများခေါ်ခဲ့သော်လည်း အမှတ်စဉ် (၁၄) တွင်တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသားများအား အလိုအလျှောက်လုပ်ဆောင်သော ဆားကစ်များ ၊
အပူကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
အလင်းကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
အသံကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
သံလိုက်ဓါတ်ကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
အနီအောက်ရောင်ခြည်ကိုအာရုံခံ၍ အလုပ်လုပ်သောဆားကစ်များ ၊
သက်မှတ်ထားသောအချိန်တွင် ပစ္စည်းအမျိုးမျိုးကို အလိုအလျှောက်အဖွင့်အပိတ်ပြုလုပ်ပေးနိုင်သော
ဆားကစ်များ ၊ စသည်တို့အပြင် အာရုံခံစနစ်အမျိုးမျိုးနှင့် အလိုအလျှောက်လုပ်ဆောင်ပေးသော ဆားကစ်
များကို သင်တန်းသားကိုယ်တိုင် ကိုယ်ပိုင်စိတ်ကူးကိုယ်ပိုင်အတွေးအခေါ်ဖြင့် တီထွင်ဖန်တီးအသုံးချနိုင်စေ
ရန် ဆက်လက်၍လေ့ကျင့်သင်ကြားပေးနေသည့်အတွက် အချိန်နှင့်အခန်းနေရာ အခက်အခဲရှိသော
ကြောင့် အမှတ်စဉ် (၁၅) ဖွင့်မည့်ရက်ကို (၁၄.၁.၂၀၁၅) သိုရွှေ့ပြောင်းလိုက်ပါသည်။
ထို့ကြောင့် လျှောက်လွှာတင်ပြီးသော သင်တန်းသာများ (၁၄.၁.၂၀၁၅) ရက်နေ့တွင် သင်တန်းစတင်တက်
ရောက်နိုင်ပြီး လျှောက်လွှာမတင်ရသေးသောသူများ အောက်ပါလိပ်စာတွင်လာရောက်လျှောက်ထားနိုင်
ပါသည်။

စုံစမ်းမေးမြန်းလိုပါက
အမှတ်(၈၇)၊မန္တလေးလမ်း၊မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁


အမှတ် (၁၉၇/၁၉၉) ၊ (A) ၅ လွှာ ၊ ဗညားဒလလမ်း ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ 
(ဖုန်း) ၀၉၄၂၀၀၈၆၈၄၉

အမှတ်စဉ် (၁၄) သင်တန်းသားများ Project Board ပေါ်တွင် Circuit များလက်တွေ့တည်ဆောက်နေပုံများ

SOCIAL DEVELOPMENT EDUCATION CENTRE မှဖွင့်လှစ်သော အခြေခံလျှပ်စစ် နှင့် အီလက်ထ
ရွန်းနစ်ပညာဒါနသင်တန်း အမှတ်စဉ် (၁၄) တွင်တက်ရောက်နေသော သင်တန်းသားများ Project Board ပေါ်တွင် Circuit များလက်တွေ့တည်ဆောက်နေပုံများ














မောင်တီထွင်

အမှတ်စဉ် (၁၄) သင်တန်းသားများလက်တွေ့လုပ်နေသောပုံများ

SOCIAL DEVELOPMENT EDUCATION CENTRE မှဖွင့်လှစ်သော အခြေခံလျှပ်စစ် နှင့် အီလက်ထ
ရွန်းနစ်ပညာဒါနသင်တန်း အမှတ်စဉ် (၁၄) တွင်တက်ရောက်နေသော သင်တန်းသားများ လက်တွေ့လုပ်
နေစဉ် ရိုက်ထားသော အမှတ်တရဓါတ်ပုံများ















 မောင်တီထွင်

23.11.14

အခြေခံလျှပ်စစ်နှင့် အီလက်ထရွန်းနစ်သင်တန်း အမှတ်စဉ် (၁၅) လျှောက်လွှာခေါ်ယူခြင်း


  SOCIAL DEVELOPMENT EDUCATION CENTRE

အမှတ် (၈၇)၊ မန္တလေးလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊
ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁

အခြေခံလျှပ်စစ်နှင့် အီလက်ထရွန်းနစ်သင်တန်း အမှတ်စဉ် (၁၅)
လျှောက်လွှာခေါ်ယူခြင်း

21.11.14

Electronics Dictionary (V 2.8.9)APK

  

မင်္ဂလာပါ။Electronic ၀ါသနာရှင်များအတွက် Electronic Dictionary ဆိုတဲ့ဖုန်းဆော့ဝဲ APK လေးတင်
ပေးလိုက်ပါတယ်။ဒီဆော့ဝဲလေးထဲမှာ ကိုယ်သိချင်တဲ့ Electronic နဲ့ပတ်သတ်တဲ့စကားလုံးတော်တော်
များများကိုရိုက်နှိပ်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ဒီဆော့ဝဲလေးထဲမှာမပါတဲ့ စကားလုံးများကိုလဲထပ်မံဖြည့်
သွင်းနိုင်ပါတယ်။စကားလုံးတစ်ခုကို ရိုက်နှိပ်ရှာဖွေလိုက်ရင် သူ့မှာပါတဲ့အကြောင်းအရာများနှင့်အတူ
သုံးစွဲသူမှထည့်သွင်းထာတဲ့ အကြောင်းအရာများကိုပါပြသပေးမှာဖြစ်ပါတယ်။အသုံးပြုပုံကို အောက်မှာ
ပုံလေးတွေနဲ့ သေချာရှင်ပြထားပါတယ်။အသုံးပြုပုံကတော့ Software ကို Install လုပ်ပြီးဖွင့်ဝင်လိုက်ရင်
အောက်ကပုံ (၁) မှာပြထားတဲ့ပုံအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။




ပုံ (၁) မှာပြထားတဲ့ Type the word here ဆိုတဲ့နေရာမှာ ကိုယ်ရှာချင်တဲ့စကားလုံးကိုရိုက်နှိပ်ရမှာဖြစ်
ပါတယ်။(ဥပမာ) Resistor လို့ကျွန်တော်ရိုက်လိုက်ပါတယ်။ဒါဆိုရင်တော့အောက်ကပုံ (၂)မှာလိုဖော်
ပြပေးမှာပါ။




စကားလုံးအသစ်တွေ ထပ်မံထည့်သွင်းလိုရင်ပဲဖြစ်ဖြစ်၊ ရှိပြီးသားစကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို
ကိုယ့်စိတ်ကြိုက်လေး လုပ်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် Phone မှ Menu ခလုတ်ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့
အောက်ကပုံ (၃) မှာလို Menu ပေါ်လာမှာပါ။




အသစ်ထပ်မံထည့်သွင်းမှာဖြစ်တဲ့အတွက် Menu ရဲ့ဘယ်ဖက်ထောင့်က Add New ဆိုတဲ့အပေါင်းလက္ခ
ဏာ ပုံလေးကိုနှိပ်လိုက်ပါ။ဒါဆိုပုံ (၄) ကလိုကိုယ်ထည့်သွင်းမဲ့ အချက်အလက်တွေ ရေးပေးရမဲ့ Add a new
word ဆိုတဲ့အကွက်လေးပေါ်လာပါမယ်။




Terms ရဲ့အောက်ကအကွက်မှာ မိမိထည့်ချင်တဲ့စကားလုံးကို ရေးပေးရပါမယ်။ကျွန်တော်ကတော့
Resistor လို့ရေးလိုက်ပါတယ်။ပြီးရင် Meaning ရဲ့အောက်ကအကွက်မှာ အပေါ်မှာထည့်ခဲ့တဲ့ စကား
လုံးရဲ့အဓိပ္ပာယ်ကိုရေးပေရပါမယ်။မြန်မာ ၊ အင်္ဂလိပ် ကြိုက်သလိုရေးလို့ရပါတယ်။အားလုံးရေးပြီးလို့
စိတ်တိုင်းကျပြီဆိုရင် ဖုန်းက Back ခလုတ်ကိုတချက်နှိပ်လိုက်ပါ။ဒါဆိုရင် ကီးဘုတ်ပျောက်သွားပါမယ်။
အောက်ကပုံ (၅) ကိုကြည့်ပါ။




အားလုံးစိတ်တိုင်းကျပြီဆိုရင်တော့ Save ကိုနှိပ်လိုက်ပါ။ကဲကျွန်တော်အသစ်ထည့်သွင်းခဲ့တဲ့ စကား
လုံးလေးကို ပြန်ရှာကြည့်ပါတယ်။ကျွန်တော်က Resistor လို့ထည့်ခဲ့တဲ့အတွက် Resistor ဆိုပြီးပြန်ရိုက်
နှိပ်ကြည့်တော့ ပုံ (၆) ထဲကလိုပါပဲဗျား။သူ့နဂိုပါတဲ့အချက်အလက်တွေနဲ့အတူ ကျွန်တော်ထည့်သွင်း
ခဲ့တဲ့ အချက်အလက်တွေကိုပါ ပူးတွဲးဖော်ပြပေးတာကိုတွေ့ရမှာပါ။




ကဲအသုံးတော့တော်တော်တည့်မဲ့ ဆော့ဝဲလေးနော်။Electronic Dictionary အပြင်ကိုယ်သုံးတတ်ရင်
သုံးတတ်သလို အသုံးတည့်မှာပါ။ဥပမာပေါ့ဗျာ Wiring သမားတယောက်အနေနဲ့ ဘယ်လိုင်းကိုကြိုး
ဘယ်ဆိုဒ် ဘာအရောင်သုံးခဲ့တယ် ဆိုတာလေးတွေမှတ်ထားမယ် မိန်းထိုင်ခါနီးလိုအပ်ရင် ပြန်ရှာ
လို့ရတာပေါ့ ဒါကသဘေားပြောတာပါ အသုံးတည့်မဲ့နေရာတွေအများကြီးပါ။ကဲပွားတာလည်းများ
သွားပြီ လိုအပ်တဲ့မိတ်ဆွေများ အောက်မှာဒေါင်းလိုက်ပါ။File Size 614KB ပဲရှိပါတယ်။
အောက်မှာဒေါင်းလင့် (၃) ခုပေးထားပါတယ်။အဆင်ပြေတဲ့လင့်ကနေ ဒေါင်းလိုက်ပါ။အဆင်မပြေ
တာရှိရင် Comment မှာအော်ခဲ့နိုင်ပါတယ်။

Title: Electronic Dictionary
Version: 2.8.9
Size: 614KB
Type: APK



Download Link 1

Download Link 2

Download Link 3


မောင်တီထွင်

17.11.14

LCCI LEVEL (1+2) အင်္ဂလန်နိုင်ငံအသိအမှတ်ပြု စာရင်းကိုင်ပညာသင်တန်း အမှတ်စဉ် (၁၀) လျှောက်လွှာခေါ်ယူခြင်း



  SOCIAL DEVELOPMENT EDUCATION CENTRE

အမှတ် (၈၇)၊ မန္တလေးလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊
ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁

LCCI LEVEL (1+2) အင်္ဂလန်နိုင်ငံအသိအမှတ်ပြု စာရင်းကိုင်ပညာသင်တန်း အမှတ်စဉ် (၁၀)
လျှောက်လွှာခေါ်ယူခြင်း

13.11.14

Electronics GOLauncher EX Theme (V1.0)APK


မင်္ဂလာပါ။ဒီတခါ Electronic ၀ါသနာရှင်များအတွက် Electronic Go Launcher EX Theam ဆိုတဲ့
ဖုန်းဆော့ဝဲ APK လေးတင်ပေးလိုက်ပါတယ်။ထွေထွေထူးထူးတော့ပြေားမနေတော့ပါဘူး။Go Launcher နဲ့တွဲသုံးရမှာပါ။အောက်မှာနမူနာ Screen Shot ရိုက်ပြထားတဲ့ပုံလေးတွေကိုကြည့်လိုက်ပါအုံး။ကြိုက်သွား ပြီလားးးးးး မိမိဖုန်းကို Electronic GoLauncher EX Theam လေးနဲ့လန်းချင်တဲ့ မိတ်ဆွေများ အောက်မှာ
ဒေါင်းလင့် ၃ ခုပေးထားပါတယ်။အဆင်ပြေတဲ့နေရာကနေ ဒေါင်းလိုက်ပါ။File Size 2.2 Mb ပဲရှိပါတယ်။ အဆင်မပြေရင် အောက်မှာ Comment ရေးပေးခဲ့ကြပါ။အဲဒါမှ အဆင်မပြေတဲ့အပိုင်းကို ပြန်ပြင်ပေးနိုင်
မှာပါ။Go Launcher မရှိတဲ့မိတ်ဆွေများအတွက် Go Launcher APK လည်းတင်ပေးထားပါတယ်။ မိတ်ဆွေများအတွက် Electrical & Electronic နဲ့ပတ်သက်တဲ့ APK 150/200 လောက်ကျွန်တော့်မှာ ရှိပါတယ်။ကျွန်တော်အားရင်အားသလိုတင်ပေးသွားပါ့မယ်။စောင့်မျှော်အားပေးကြပါအုံးလို့ ပြောကြား
ရင်းနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ........










Title: Electronics GOLauncher EX Theme
Version: 1.0
Size: 2.2Mb
Type: APK


Electronics GOLauncher EX Theme (V1.0)APK ဒေါင်းရန်






GOLauncher EX ဒေါင်းရန်



မောင်တီထွင်

11.11.14

Electric Toolkit (V 1.7)APK


မင်္ဂလာပါ။Electric Toolkit ဆိုတဲ့ ဖုန်းဆော့ဝဲ APK လေးတင်ပေးလိုက်ပါတယ်။Electronic ရော
Electrical သမားများအတွက်ပါ အသုံးဝင်မယ်လို့ယူဆလို့ တင်ပေးလိုက်ပါတယ်။အဲဒိ APK လေးထဲမှာ ဘာတွေသုံး လို့ရတယ်ဆိုတာကို အသေးစိတ်မပြောပြတော့ဘူးနော်။အောက်မှာ Screen Shot
ရိုက်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာပဲကြည့်လိုက်ပါ။လိုချင်တဲ့ မိတ်ဆွေများ အောက်မှာဒေါင်းလင့် ၃ ခုပေးထားပါတယ်။အဆင်ပြေတဲ့နေရာကနေ ဒေါင်းလိုက်ပါ။File Size က 3.4 Mb ပဲရှိပါတယ်။ အဆင်မပြေရင်အောက်မှာ Comment ရေးပေးခဲ့ကြပါ။အဲဒါမှအဆင်မပြေတဲ့အပိုင်းကို
ပြန်ပြင်ပေးနိုင်မှာပါ။










Title: Electric Toolkit
Version: 1.7
Size: 3.4Mb
Type: APK







မောင်တီထွင်

20.9.14

အင်္ဂလိပ်စာ (ရေး+ဖတ်+ပြော)သင်တန်း အခမဲ့တက်ရောက်နိုင်မည့်အခွင့်အရေး

SOCIAL DEVELOPMENT EDUCATION CENTRE

အမှတ် (၈၇)၊ မြေညီထပ်၊ မန္တလေးလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား၊
ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်၊ (ဖုန်း) ၀၉၈၆၁၅၆၁၁

15.9.14

Electronic Calculator (V 1.8.0)APK



မင်္ဂလာပါ။Electronic Calculator ဆိုတဲ့ ဖုန်းဆော့ဝဲ APK လေးတင်ပေးလိုက်ပါတယ်။Electronic ရော Electrical သမားများအတွက်ပါ အသုံးဝင်မယ်လို့ယူဆလို့ တင်ပေးလိုက်ပါတယ်။အဲဒိ APK လေးထဲမှာ Formulas/Unit/Conversions/Color Codings စသည်ဖြင့်အများကြီးတွက်လို့ရပါတယ်။ဘာတွေသုံးလို့ရ
တယ် ဆိုတာကို အသေးစိတ်မပြောပြတော့ဘူးနော်။အောက်မှာ Screen Shot ရိုက်ပြထားတဲ့ ဓါတ်ပုံ
တွေထဲ မှာပဲကြည့်လိုက်ပါ။လိုချင်တဲ့ မိတ်ဆွေများ အောက်မှာဒေါင်းလင့် ၃ ခုပေး ထားပါတယ်။ အဆင်ပြေတဲ့နေရာကနေ ဒေါင်းလိုက်ပါ။File Size က 3.5 Mb ပဲရှိပါတယ်။ အဆင်မပြေရင် အောက်မှာ Comment ရေးပေးခဲ့ကြပါ။အဲဒါမှ အဆင်မပြေတဲ့အပိုင်းကို ပြန်ပြင်ပေးနိုင်မှာပါ။









Title:       Electronic Calculator
Version:  1.8.0
Size:       3.5Mb
Type:      APK

Zippyshare မှဒေါင်းရန်နှိပ်ပါ

Google Drive မှဒေါင်းရန်နှိပ်ပါ

Solidfiles မှဒေါင်းရန်နှိပ်ပါ

 

မောင်တီထွင်