21.11.14

Electronics Dictionary (V 2.8.9)APK

  

မင်္ဂလာပါ။Electronic ၀ါသနာရှင်များအတွက် Electronic Dictionary ဆိုတဲ့ဖုန်းဆော့ဝဲ APK လေးတင်
ပေးလိုက်ပါတယ်။ဒီဆော့ဝဲလေးထဲမှာ ကိုယ်သိချင်တဲ့ Electronic နဲ့ပတ်သတ်တဲ့စကားလုံးတော်တော်
များများကိုရိုက်နှိပ်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ဒီဆော့ဝဲလေးထဲမှာမပါတဲ့ စကားလုံးများကိုလဲထပ်မံဖြည့်
သွင်းနိုင်ပါတယ်။စကားလုံးတစ်ခုကို ရိုက်နှိပ်ရှာဖွေလိုက်ရင် သူ့မှာပါတဲ့အကြောင်းအရာများနှင့်အတူ
သုံးစွဲသူမှထည့်သွင်းထာတဲ့ အကြောင်းအရာများကိုပါပြသပေးမှာဖြစ်ပါတယ်။အသုံးပြုပုံကို အောက်မှာ
ပုံလေးတွေနဲ့ သေချာရှင်ပြထားပါတယ်။အသုံးပြုပုံကတော့ Software ကို Install လုပ်ပြီးဖွင့်ဝင်လိုက်ရင်
အောက်ကပုံ (၁) မှာပြထားတဲ့ပုံအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။




ပုံ (၁) မှာပြထားတဲ့ Type the word here ဆိုတဲ့နေရာမှာ ကိုယ်ရှာချင်တဲ့စကားလုံးကိုရိုက်နှိပ်ရမှာဖြစ်
ပါတယ်။(ဥပမာ) Resistor လို့ကျွန်တော်ရိုက်လိုက်ပါတယ်။ဒါဆိုရင်တော့အောက်ကပုံ (၂)မှာလိုဖော်
ပြပေးမှာပါ။




စကားလုံးအသစ်တွေ ထပ်မံထည့်သွင်းလိုရင်ပဲဖြစ်ဖြစ်၊ ရှိပြီးသားစကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို
ကိုယ့်စိတ်ကြိုက်လေး လုပ်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် Phone မှ Menu ခလုတ်ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့
အောက်ကပုံ (၃) မှာလို Menu ပေါ်လာမှာပါ။




အသစ်ထပ်မံထည့်သွင်းမှာဖြစ်တဲ့အတွက် Menu ရဲ့ဘယ်ဖက်ထောင့်က Add New ဆိုတဲ့အပေါင်းလက္ခ
ဏာ ပုံလေးကိုနှိပ်လိုက်ပါ။ဒါဆိုပုံ (၄) ကလိုကိုယ်ထည့်သွင်းမဲ့ အချက်အလက်တွေ ရေးပေးရမဲ့ Add a new
word ဆိုတဲ့အကွက်လေးပေါ်လာပါမယ်။




Terms ရဲ့အောက်ကအကွက်မှာ မိမိထည့်ချင်တဲ့စကားလုံးကို ရေးပေးရပါမယ်။ကျွန်တော်ကတော့
Resistor လို့ရေးလိုက်ပါတယ်။ပြီးရင် Meaning ရဲ့အောက်ကအကွက်မှာ အပေါ်မှာထည့်ခဲ့တဲ့ စကား
လုံးရဲ့အဓိပ္ပာယ်ကိုရေးပေရပါမယ်။မြန်မာ ၊ အင်္ဂလိပ် ကြိုက်သလိုရေးလို့ရပါတယ်။အားလုံးရေးပြီးလို့
စိတ်တိုင်းကျပြီဆိုရင် ဖုန်းက Back ခလုတ်ကိုတချက်နှိပ်လိုက်ပါ။ဒါဆိုရင် ကီးဘုတ်ပျောက်သွားပါမယ်။
အောက်ကပုံ (၅) ကိုကြည့်ပါ။




အားလုံးစိတ်တိုင်းကျပြီဆိုရင်တော့ Save ကိုနှိပ်လိုက်ပါ။ကဲကျွန်တော်အသစ်ထည့်သွင်းခဲ့တဲ့ စကား
လုံးလေးကို ပြန်ရှာကြည့်ပါတယ်။ကျွန်တော်က Resistor လို့ထည့်ခဲ့တဲ့အတွက် Resistor ဆိုပြီးပြန်ရိုက်
နှိပ်ကြည့်တော့ ပုံ (၆) ထဲကလိုပါပဲဗျား။သူ့နဂိုပါတဲ့အချက်အလက်တွေနဲ့အတူ ကျွန်တော်ထည့်သွင်း
ခဲ့တဲ့ အချက်အလက်တွေကိုပါ ပူးတွဲးဖော်ပြပေးတာကိုတွေ့ရမှာပါ။




ကဲအသုံးတော့တော်တော်တည့်မဲ့ ဆော့ဝဲလေးနော်။Electronic Dictionary အပြင်ကိုယ်သုံးတတ်ရင်
သုံးတတ်သလို အသုံးတည့်မှာပါ။ဥပမာပေါ့ဗျာ Wiring သမားတယောက်အနေနဲ့ ဘယ်လိုင်းကိုကြိုး
ဘယ်ဆိုဒ် ဘာအရောင်သုံးခဲ့တယ် ဆိုတာလေးတွေမှတ်ထားမယ် မိန်းထိုင်ခါနီးလိုအပ်ရင် ပြန်ရှာ
လို့ရတာပေါ့ ဒါကသဘေားပြောတာပါ အသုံးတည့်မဲ့နေရာတွေအများကြီးပါ။ကဲပွားတာလည်းများ
သွားပြီ လိုအပ်တဲ့မိတ်ဆွေများ အောက်မှာဒေါင်းလိုက်ပါ။File Size 614KB ပဲရှိပါတယ်။
အောက်မှာဒေါင်းလင့် (၃) ခုပေးထားပါတယ်။အဆင်ပြေတဲ့လင့်ကနေ ဒေါင်းလိုက်ပါ။အဆင်မပြေ
တာရှိရင် Comment မှာအော်ခဲ့နိုင်ပါတယ်။

Title: Electronic Dictionary
Version: 2.8.9
Size: 614KB
Type: APK



Download Link 1

Download Link 2

Download Link 3


မောင်တီထွင်

0 comments:

Post a Comment