30.6.14

မော်လီကျူးများတည်ဆောက်ပုံ

သဘာဝလောက၌ မြင်မြင်သမျှသော သက်ရှိသက်မဲ့အရာအားလုံးကို ဒြပ်ဟုခေါ်သည်။ဒြပ်တွင်ဒြပ်စင်နှင့်
ဒြပ်ပေါင်းဟူ၍ နှစ်မျိုးခွဲခြားထားသည်။စင်ကြယ်သော ဒြပ်များကို ဒြပ်စင်ဟုခေါ်သည်။ဥပမာ ။ ကျွန်ုပ်တို့
ရှုရှိုက်နေသော အောက်စီဂျင်ဓါတ် ၊ ဘောလုံးတွင်အသုံးပြုသော ဟိုက်ဒရိုဂျင် ၊ ရွှေ ၊ ငွေ ၊ ကြေး ၊ သံ
စသည်တို့သည် ဒြပ်စင်များဖြစ်သည်။ဒြပ်ပေါင်းဆိုသည်မှာ ဒြပ်စင်နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပို၍ ပေါင်း
စပ်နေသောအရာကို ဒြပ်ပေါင်းဟုခေါ်သည်။ ဥပမာ  ။ ရေသည်ဒြပ်ပေါင်းဖြစ်သည်။ဒြပ်ပေါင်းတစ်ခုကို
ကြိမ်ဖန်များစွာ ခွဲစိတ်လိုက်သောအခါ နောက်ဆုံးမူလက ပါဝင်ဖွဲ့စည်းထားကြသည့် ဒြပ်စင်များအဖြစ်ကွဲ
ထွက်မသွားဘဲ အသေးငယ်ဆုံးအဆင့်သို့ ရောက်ရှိချိန်၌ ယင်းဒြပ်ပေါင်းကို မော်လီကျူးဟုခေါ်သည်။
ရေကိုထောင်သောင်းချီ၍ ပိုင်းနိုင်သော်လည်း နောက်ဆုံးအချိန်၌ ရေ၏ဂုဏ်သတ္တိသည် အပြည့်အ၀ရှိနေ
သေးပြီး ထပ်မံပိုင်းစိတ်၍မရနိုင်တော့သည့် နောက်ဆုံးအဆင့်ရှိရေမှုန်ငယ်ကို ရေမော်လီကျူးဟုခေါ်သည်။
ရေမော်လီကျူး၌ အစဉ်အမြဲ ဟိုက်ဒရိုဂျင်အဏုမြူနှစ်ဆနှင့် အောက်စီဂျင်အဏုမြူ တစ်ဆတို့ ပါဝင်လေ့
ရှိသည်။





ရေသည် အခဲအခြေအနေ၌ဖြစ်စေ ၊ အရည် အခြေအနေ၌ဖြစ်စေ ၊ အငွေ့ အခြေအနေ၌ဖြစ်စေ ၊ ဖွဲ့စည်းပုံ
သည် အတူတူပင်ဖြစ်သည်။ဒြပ်တွင်ပါဝင်သော မော်လီကျူးများ၏ ရွေ့လျားမှုသည်မြန်ပါက ယင်းဒြပ်၏
အပူချိန်သည် မြင့်မားလာပြီး ဒြပ်တွင်ပါဝင်သော မော်လီကျူးများ၏ ရွေ့လျားမှုသည်နှေးသွားပါက ယင်းဒြပ်
၏အပူချိန်သည် လျှော့နည်းသွားသည်။


မော်လီကျူးများကို ထပ်မံခွဲစိတ်လိုက်သောအခါ အက်တမ် (Atom) ခေါ်အဏုမြူကို ရရှိသည်။အဏုမြူ၏
အတွင်း၌ နျူကလီးယားခေါ် အဏုမြူဝတ်ဆံပါရှိပြီး ယင်းနျူကလီးယားဝတ်ဆံကို ပရိုတွန်နှင့် နျူထရွန်တို့
ဖြင့် ဖွဲ့စည်းထားသည်။



အက်တမ်တည်ဆောက်ပုံ



ပရိုတွန်သည် လျှပ်စစ်အဖိုဓါတ်ကိုဆောင်ပြီး နျူကလီးယားမှခွဲထုတ်ရန် အလွန်ခက်ခဲသည်။နျူထရွန်သည် လျှပ်စစ်မဲ့အမှုန်ဖြစ်သည်။နျူကလီးယား၏ အပြင်ဘက်တွင် အီလက်ထရွန် (Electron) ခေါ်လျှပ်စစ်အမမှုန်
သည် အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။










မောင်တီထွင်

26.6.14

Remote Control ကောင်းမကောင်း အလွယ်စမ်းနည်း

ရီမုတ်ကွန်ထရိုး ကောင်းမကောင်းစမ်းသပ်နည်းတွေထဲက အလွယ်ဆုံး လူတိုင်းစမ်းသပ်နိုင်တဲ့ နည်းလမ်း
လေးပြောပြပါမယ်။ရီမုတ်ကွန်ထရိုး လို့ဆိုရာ၌ အနီအောက်ရောင်ခြည်(Infra-red ray) စနစ်သုံး ရီမုတ်ကွန်
ထရိုးများကိုဆိုလိုပါသည်။(ဥပမာ) TV Remote / DVD Remote / Aircon Remote စသည်တို့ဖြစ်သည်။
Radio Frequency စနစ်သုံး ရီမုတ်ကွန်ထရိုး များကိုတော့ဒီနည်းနဲ့ စမ်းလို့မရပါ။(ဥပမာ) Car Remote /
Door bell Remote စသည်တို့သည် Radio Frequency စနစ်သုံးများဖြစ်သည်။အိမ်မှာရှိတဲ့ TV Remote မကောင်းလို့ဆိုင်မှာသွားဝယ်တဲ့အခါ တချို့ဆိုင်တွေက Remote Control စမ်းတဲ့စက်နဲ့စမ်းပေးပါတယ်။
တချို့ကြတော့ ရေဒီယိုနဲ့ စမ်းပေးတာလဲရှိပါတယ်။အကယ်၍ဆိုင်က စမ်းစရာမရှိလို့ စမ်းမပေးရင်
ကျွန်တော် အခုပြောမဲ့နည်းအတိုင်း စမ်းပြီးဝယ်လိုက်ပေါ့။
အနီအောက်ရောင်ခြည်စနစ်သုံး ရီမုတ်ကွန်ထရိုးများ၏ထိပ်၌ အနီအောက်ရောင်ခြည်ထုပ်လွှတ်ပေးသော မီးလုံးလေးပါရှိပါတယ်။Remote Control မှခလုတ်တစ်ခုခုကို နှိပ်လိုက်တဲ့အခါ Remote ကောင်းရင်
Remote ထိပ်ကမီးလုံးလေးကနေ အနီအောက်ရောင်ခြည် ထွက်လာပါတယ်။နားလည်လွယ်အောင်ပြော
ရရင်တော့ အဲဒိမီးလုံးလေးလင်းသွားပါတယ်။ဒါပေမယ့် အဲဒိမီးလုံးလေးလင်းသွားတာကို လူသားတို့ရဲ့
မျက်စိနဲ့မမြင်နိုင်ပါဘူး။အကြောင်းကတော့ အနီရောင်မှ ခရမ်းရောင်အတွင်းသာ လူသားတို့မျက်စိဖြင့် တိုက်ရိုက်မြင်နိုင်လို့ပါ။အနီရောင်ထက်နိမ့်သော (Infra-red ray) အနီအောက်ရောင်ခြည်နှင့် ခရမ်းရောင်
ထက်မြင့်သော (Ultra Violet ray) ခရမ်းလွန်ရောင်ခြည် တို့ကိုလူသားတို့မျက်စိဖြင့် တိုက်ရိုက်မမြင်နိုင်ပါ။
အဲဒိတော့ Remote ကနေထွက်နေတဲ့ အနီအောက်ရောင်ခြည်ကို မြင်ရအောင် ကြားခံပစ္စည်းတစ်ခုသုံးပါ
မယ်။အဲဒါကတော့ Camera ပါ။လက်ရှိကာလမှာ လူတိုင်းလိုလိုရဲ့လက်ထဲမှာ Phone Handset တွေရှိကြ
ပါတယ်။Handset တိုင်းလိုလိုမှာလဲ Camera တွေပါကြပါတယ်။ကိုယ်စမ်းချင်တဲ့ Remote ရဲ့ထိပ်က
အနီအောက်ရောင်ခြည်ထွက်တဲ့ မီးလုံးလေးရှိတဲ့နေရာကို Camera နဲ့ဓါတ်ပုံရိုက်တဲ့အနေအထားနဲ့ဖြစ်ဖြစ် Video ရိုက်တဲ့အနေအထားနဲ့ဖြစ်ဖြစ် ချိန်ထားပါ။ချိန်ထားရုံပါပဲ ဓါတ်ပုံ/Video ရိုက်စရာမလိုပါ။
သဘေားကတော့ Remote နဲ့မျက်စိကြား Camera ခံလိုက်တာပါပဲ။Remote ကို Camera နဲ့ချိန်ထားပြီး
Remote မှခလုတ်များကိုတစ်လုံးချင်း နှိပ်ကြည့်ပါ။Remote ကောင်းတယ်ဆိုရင် မီးလုံးလေးလင်းသွားတာ
ကို Camera ထဲမှာမြင်ရပါလိမ့်မယ်။Camera ကိုဖယ်ပြီးကြည့်ပါ မီးလုံးလင်းနေတာကို မမြင်ရတော့ပါဘူး။

မျက်စိဖြင့် တိုက်ရိုက်ကြည့်ပုံ




Camera ခံ၍ကြည့်ပုံ




Remote မှခလုတ်တစ်လုံးကို နှိပ်ပြီးပြန်မလွှတ်ပဲ တောက်လျှောက်နှိပ်ထားကြည့်ပါ။တချို့ Camera 
မှာမီးလုံးလေးက တောက်လျှောက်လင်းနေပုံတွေ့ရပြီး တချို့ Camera မှာကြတော့ မီးလုံးလေးကပိတ်
လိုက် ဖွင့်လိုက်ဖြစ်နေတာကိုတွေ့ရတက်ပါတယ်။အဲလိုမတူတာကတော့ Camera တစ်လုံးနဲ့ တစ်လုံး လက်ခံနိုင်တဲ့ လှိုင်းကြိမ်နှုန်းတွေမတူလို့ပါ။ဒီနည်းနဲ့ Remote မှာရှိတဲ့ခလုတ်အားလုံး ကောင်းမကောင်း
စစ်လို့ရပါတယ်။Remote မှာရှိတဲ့ခလုတ်တွေကို တစ်လုံးချင်းနှိပ်ကြည့်ပါ။ခလုတ်နှိပ်လို့ မီးလုံးလင်းရင် အဲဒိခလုတ်ကောင်းပါတယ်။Remote ကကောင်းနေပေမယ့် တခါတလေခလုတ် တစ်လုံးနှစ်လုံးလောက်
နှိပ်မရဖြစ်တက်ပါတယ်။အဲလိုဖြစ်တာဟာများသောအားဖြင့် ခလုတ်နဲ့ ဆားကစ်ပြားကြား ဂျီး(ချေး)တက်
လို့ဖြစ်တာများပါတယ်။Remote ကိုဖွင့်ပြီး ဆားကစ်ပြားကို တင်နာ (Thinner) နှင့်ဆေးပေးလိုက်ရင် နှိပ်မရ
ဖြစ်နေတဲ့ခလုတ်တွေ များသောအားဖြင့် ပြန်ကောင်းသွားတက်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

(မှက်ချက်)။   ။ကျွန်တော်ပြောတဲ့နည်းအတိုင်း ကျွန်တော့်မိတ်ဆွေတစ်ယောက်က သူ့ဖုန်းနဲ့စမ်းကြည့်တာ မရဘူးပြောတယ်။သူ့ဖုန်းက i phone ပါ။HUAWEI/SAMSUNG တို့ကတော့ရပါတယ်။ကျွန်တော်
Camera တော်တော်များများနဲ့ စမ်းကြည့်ပြီးပါပြီ အဆင်ပြေပါတယ်။ i phone တော့ ကျွန်တော့်မှာမရှိလို့ မစမ်းရသေးပါဘူး။ i phone ရှိတဲ့ မိတ်ဆွေများက စမ်းကြည့်ပြီး ရ/မရ Comment ရေးပေးခဲ့မယ်ဆိုရင်
နောက်လူတွေ လည်းသိရတာပေါ့။

မောင်တီထွင်