30.6.14

မော်လီကျူးများတည်ဆောက်ပုံ

သဘာဝလောက၌ မြင်မြင်သမျှသော သက်ရှိသက်မဲ့အရာအားလုံးကို ဒြပ်ဟုခေါ်သည်။ဒြပ်တွင်ဒြပ်စင်နှင့်
ဒြပ်ပေါင်းဟူ၍ နှစ်မျိုးခွဲခြားထားသည်။စင်ကြယ်သော ဒြပ်များကို ဒြပ်စင်ဟုခေါ်သည်။ဥပမာ ။ ကျွန်ုပ်တို့
ရှုရှိုက်နေသော အောက်စီဂျင်ဓါတ် ၊ ဘောလုံးတွင်အသုံးပြုသော ဟိုက်ဒရိုဂျင် ၊ ရွှေ ၊ ငွေ ၊ ကြေး ၊ သံ
စသည်တို့သည် ဒြပ်စင်များဖြစ်သည်။ဒြပ်ပေါင်းဆိုသည်မှာ ဒြပ်စင်နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပို၍ ပေါင်း
စပ်နေသောအရာကို ဒြပ်ပေါင်းဟုခေါ်သည်။ ဥပမာ  ။ ရေသည်ဒြပ်ပေါင်းဖြစ်သည်။ဒြပ်ပေါင်းတစ်ခုကို
ကြိမ်ဖန်များစွာ ခွဲစိတ်လိုက်သောအခါ နောက်ဆုံးမူလက ပါဝင်ဖွဲ့စည်းထားကြသည့် ဒြပ်စင်များအဖြစ်ကွဲ
ထွက်မသွားဘဲ အသေးငယ်ဆုံးအဆင့်သို့ ရောက်ရှိချိန်၌ ယင်းဒြပ်ပေါင်းကို မော်လီကျူးဟုခေါ်သည်။
ရေကိုထောင်သောင်းချီ၍ ပိုင်းနိုင်သော်လည်း နောက်ဆုံးအချိန်၌ ရေ၏ဂုဏ်သတ္တိသည် အပြည့်အ၀ရှိနေ
သေးပြီး ထပ်မံပိုင်းစိတ်၍မရနိုင်တော့သည့် နောက်ဆုံးအဆင့်ရှိရေမှုန်ငယ်ကို ရေမော်လီကျူးဟုခေါ်သည်။
ရေမော်လီကျူး၌ အစဉ်အမြဲ ဟိုက်ဒရိုဂျင်အဏုမြူနှစ်ဆနှင့် အောက်စီဂျင်အဏုမြူ တစ်ဆတို့ ပါဝင်လေ့
ရှိသည်။





ရေသည် အခဲအခြေအနေ၌ဖြစ်စေ ၊ အရည် အခြေအနေ၌ဖြစ်စေ ၊ အငွေ့ အခြေအနေ၌ဖြစ်စေ ၊ ဖွဲ့စည်းပုံ
သည် အတူတူပင်ဖြစ်သည်။ဒြပ်တွင်ပါဝင်သော မော်လီကျူးများ၏ ရွေ့လျားမှုသည်မြန်ပါက ယင်းဒြပ်၏
အပူချိန်သည် မြင့်မားလာပြီး ဒြပ်တွင်ပါဝင်သော မော်လီကျူးများ၏ ရွေ့လျားမှုသည်နှေးသွားပါက ယင်းဒြပ်
၏အပူချိန်သည် လျှော့နည်းသွားသည်။


မော်လီကျူးများကို ထပ်မံခွဲစိတ်လိုက်သောအခါ အက်တမ် (Atom) ခေါ်အဏုမြူကို ရရှိသည်။အဏုမြူ၏
အတွင်း၌ နျူကလီးယားခေါ် အဏုမြူဝတ်ဆံပါရှိပြီး ယင်းနျူကလီးယားဝတ်ဆံကို ပရိုတွန်နှင့် နျူထရွန်တို့
ဖြင့် ဖွဲ့စည်းထားသည်။



အက်တမ်တည်ဆောက်ပုံ



ပရိုတွန်သည် လျှပ်စစ်အဖိုဓါတ်ကိုဆောင်ပြီး နျူကလီးယားမှခွဲထုတ်ရန် အလွန်ခက်ခဲသည်။နျူထရွန်သည် လျှပ်စစ်မဲ့အမှုန်ဖြစ်သည်။နျူကလီးယား၏ အပြင်ဘက်တွင် အီလက်ထရွန် (Electron) ခေါ်လျှပ်စစ်အမမှုန်
သည် အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။










မောင်တီထွင်

0 comments:

Post a Comment