20.11.13

Access Denied ဖြစ်နေတဲ့ ဖွင့်မရဖြစ်နေတဲ့ Website များကို ကျော်ခွ ဖွင့်နည်း

ဒီနည်းလေးက Firefox အတွက်ပါ။အရင်ဆုံး http://www.hidemyass.com/proxy-list/ ကို Firefox မှာဖွင့်လိုက်ပါ။ အဲဒါဆိုအောက်ကပုံပါတဲ့ Page ကိုရောက်သွားပါမယ်။



အပေါ်ပုံမှာ အနီရောင်ဘောင်ခတ်ပြထားတဲ့ နိုင်ငံရဲ့ IP နဲ့ Port ကိုယူသုံးမှာဖြစ်ပါတယ်။အပေါ်ပုံထဲမှာရှိတဲ့ အချိန်အနီးဆုံးနဲ့ အစိမ်းရောင်ဘားတန်း အမြင့်ဆုံး နိုင်ငံတွေထဲကတစ်ခုကို ယူသုံးမှာပါ။ကျွန်တော်ကတော့ အချိန်အနီးဆုံးနဲ့  ဘားတန်းအမြင့်ဆုံး ဖြစ်တဲ့ china ကိုယူသုံးလိုက်တယ်။
Firefox menu bar မှ Tool menu ထဲမှ Option ကို Click နှိပ်ပါ။ကျလာတဲ့ ဘောက်ထဲမှ Advanced အောက်မှ Network ထဲမှ Setting ထဲသို့ ဝင်ပါ။အောက်မှာ ပုံနဲ့ပြထားပါတယ်။ပုံမှာပြထားတဲ့ နံပါတ်စဉ်အတိုင်း Clicks နှိပ်သွားလိုက်ပါ။










အပေါ်မှာပြထားတဲ့ပုံနေရာကိုရောက်ရင် Manual proxy configuration ကိုရွေးပေးပါ။HTTP Proxy နှင့် Port နေရာတွေမှာ မိတ်ဆွေအသုံးပြုမဲ့ နိုင်ငံရဲ့ IP Address နှင့် port တွေကိုရိုက်ပေးပါ။copy/paste လုပ်လည်းရပါတယ်။ပြီရင် Use this proxy server for all protocols ဘေးမှအကွတ်ကို အမှန်ခြစ်တပ်ပေးပြီး OK နှိပ်ပေးလိုက်ပါ။ပြီးရင်ကျန်တဲ့ဘောက် တစ်ခုကိုလဲ OK နှိပ်ပေးလိုက်ပါ။ဒါဆိုရင် IP ကျော်ခြင်းလုပ်ငန်းပြီးပါပြီ။
Address Bar မှာ www.google.com ရိုက်ပြီးခေါ်ကြည့်လိုက်ပါ။အဆင်ပြေပြေ google တက်လာရင်တော့ OK ပါပြီ။ အဲဒိလိုမှမဟုတ်ဘဲ Error ပြနေရင် Reload လုပ်ကြည့်ပါ။၃/၄ ခေါက်လုပ်ကြည့်လို့မှအဆင်မပြေရင် နောက်နိုင်ငံတစ်ခု ပြောင်းသုံးကြည့်ပါ။Google အဆင်ပြေပြေတက်လာရင်တော့ Access Denied ဖြစ်နေတဲ့ ဖွင့်မရဖြစ်နေတဲ့ Website များကို ဖွင့်ကြည့်လိုက်ပါ။အဆင်ပြေပါလိမ့်မယ်။နဂိုထက်လိုင်းနည်းနည်း နှေးသွားနိုင်ပါတယ်။နဂိုထဲကလိုင်းက အရမ်းကောင်းတယ် ဆိုတော့….း) အားလုံးကျော် ခွနိုင်ကြပါစေ…..း)
PTC Site တွေမှာ Account ဖွင့်တဲ့အခါ Sorry , This IP Address Is Use By Other Member
 လို့ပြနေရင် အပေါ်မှာပြေားခဲ့တဲ့နည်းနဲ့ IP ကျော်ဖွင့်လို့ရပါတယ်။



4 comments:

ကျေးဇူးပါ

စမ်းကြည့်လိုက်အုံးမယ်။ကျေးကျေး

ကျေးဇူးတင် ပါတယ်။

Post a Comment