19.11.13

Electronic ဝါသနာရှင်များသို့ မိတ်ဆက်စာ

အားလုံးမင်္ဂလာပါဗျာ။Electronic နည်းပညာနှင့်ပက်သတ်လို့ ကျွန်တော်တတ်တာလေး/သိတာလေး
တွေကို မျှဝေဖို့အတွက်အခုလို Blog လေးတစ်ခုလုပ်ချင်ခဲ့တာကြာပါပြီ။အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ် ခဲ့တာပါ။အချိန်မပေးနိုင်တာကတော့အဓိကပေါ့။အခုတော့ဘာပဲဖြစ်ဖြစ် စပြီးအကောင်အ ထည်ဖော်မှပဲ မဟုတ်လို့ကတော့ မအားလို့ အချိန်မရလို့နဲ့ ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်တော့ဘူးဆို တဲ့အတွေးနဲ့ ဒီ www.mgtehtwin.blogspot.com ဆိုတဲ့ Blog လေးကို 29/10/2013 နေ့မှာစတင် တည်ဆောက်ခဲ့ပါတယ်။Blog လေးကို Decoration လေးနဲနဲလုပ်နေတာနဲ့
အချိန်တွေတော်တော် ကြာသွားခဲ့ပါတယ်။ဒီ Blog လေးမှာအဓိကအနေနဲ့ Electronic နဲ့ပက်သတ်တဲ့ အကြောင်းအရာလေးတွေ ကျွန်တော်သိသလောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါ့အပြင် ဗဟု သုတရစေသော အကြောင်အရာလေးတွေတွေ့ရှိခဲ့ရင်လဲ တင်ဆက်ပေးသွားမှာပါ။မိတ်ဆွေတို့အနေနဲ့ နည်းပညာနှင့်ပက်သတ်သောစာအုပ်ဖြစ်စေ အကြောင်းအရာတစ်ခုခုဖြစ်စေ မျှဝေချင်ပါက mgtehtwin1@gmail.com သို့ဖြစ်စေ 09-450061432 သို့ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။ မိတ်ဆွေပေးပို့လိုက်တဲ့ အကြောင်းအရာကို မိတ်ဆွေရဲ့ အမည်နှင့်အတူ ကျွန်တော့်ရဲ့ Blog လေးမှာဖေါ်
ပြပေးမှာဖြစ်ပါတယ်။ကျွန်တော့်ရဲ့ Blog လေးကိုရောက်ရှိခဲ့ပြီးသော မိတ်ဆွေမျာကလဲ မသိရှိသေးသော မိတ်ဆွေမျာ ဝါသနာရှင်မျာသိသွားအောင် ကျွန်တော့် Blog လေးကိုညွှန်းပေးကြပါလို့ မေတ္တာရပ်ခံအပ် ပါတယ်။ကျွန်တော် Electronic ပညာကိုလေ့လာစဉ်က အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်နဲ့ ဝါသနာတူမိတ်ဆွေများ ကျွန်တော့်လို အခက်အခဲမျာနှင့် မကြုံတွေ့ရရန် ကျွန်တော်သိသ
လောက်မျှဝေပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ ဝါသနာရှင်အဆင့်သာဖြစ်ပါတယ်။ ကျွန်တော်က Electronic နဲ့ပက်သတ်ပြီး စာတွေ့ထက် လက်တွေ့ပိုင်းကိုပိုအားသန်တဲ့အတွက် အရေး အသားပိုင်းမှာအမှားပါခဲ့ရင် ဝေဖန်အကြံပြုပေးနိုင်ပါတယ်။


အားလုံးကိုခင်မင်လေးစားလျှက်......မောင်တီထွင်

0 comments:

Post a Comment