12.5.14

လျှပ်စစ်၏ အခြေခံသဘောတရား

လျှပ်စစ်၏ အခြေခံသဘောတရားများကို ရှေးယခင်က ဂရိလူမျိုးတို့မှစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ထိုခေတ်
အခါက အမ်ဘာချိပ် (Amber) ကိုသိုးမွှေး (Wool)ဖြင့် ပွတ်တိုက်ကြည့်သောအခါ ၄င်းသည်သေးငယ်သော အရာဝတ္တုတို့ကို ဆွဲငင်နိုင်သည်။


အမ်ဘာ (Amber) သည်အင်္ဂလိပ်စကားလုံးဖြစ်၍ ပယင်းဟုအဓိပ္ပာယ်ရသည်။ပယင်းကို ဂရိဘာသာစကား
ဖြင့်အီလက်ထရွန် (Electron) ဟုခေါ်သည်။ထိုမှတဆင့် အီလက်ထရစ်စီးတီး (Electric City) လျှပ်စစ်ဟုဆို
သော အမည်ပေါ်ပေါက်လာပါသည်။အမ်ဘာထက် အလွယ်တကူရရှိနိုင်သော တံဆိပ်ရိုက်နှိပ်ရာတွင်အ
သုံးပြုသည့် အက်ဗိုနိုက် (Ebonite) ချိပ်တောင့်ဖြင့်လဲ စမ်းသပ်နိုင်သည်။အက်ဗိုနိုက် ချိပ်တောင့်တစ်ခုကို
ဖလန်နယ်အဝတ်စ (သို့) သိုးမွှေးဖြင့် ပွတ်တိုက်သောအခါ သေးငယ်သောစက္ကူစများကို  ဆွဲငင်နိုင်ကြောင်း
တွေ့ရသည်။


၎င်းနှစ်ခုပွတ်တိုက်ခြင်းမှ လျှပ်စစ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။၎င်းကို ပွတ်တိုက်မှု့၌ ဖြစ်သောလျှပ်စစ်ဓါတ်ဟု
ခေါ်သည်။ထိုနည်းတူ ဖန်ချောင်းတစ်ခုအား ပိုးထည်ဖြင့် ပွတ်တိုက်ပါက ဖန်ချောင်းတွင် လျှပ်စစ်ဖြစ်ပေါ်
လာသည်ကိုလဲ တွေ့မြင်နိုင်ပါသည်။
ဖန်ချောင်းကို ပိုးထည်ဖြင့် ပွတ်တိုက်၍ ရရှိလာသောလျှပ်စစ်ကို လျှပ်စစ်အဖို (Positive) (+) ဖော်ပြ၍ ချိပ်တောင့်ကို ဖလန်နယ်အဝတ်စ (သို့) သိုးမွှေးဖြင့် ပွတ်တိုက်၍ ရရှိသောလျှပ်စစ်ကို လျှပ်စစ်အမ (Negative)(-) ဖြင့်ဖေါ်ပြပါသည်။




ပွတ်တိုက်မှု၌ဖြစ်ပေါ်သော လျှပ်စစ်ဓါတ်အကြောင်းကို အချိန်ရရင် အကျယ်တဝင့်ရေးသားပါအုံးမယ်။ ဒီနေ့တော့ ဒီလောက်နဲ့နားပါမယ်။

ခင်မင်လေးစားလျှက်..........မောင်တီထွင်

0 comments:

Post a Comment