24.5.14

စွမ်းအင်

စွမ်းအင် (၈) မျိုးရှိသည်။၎င်းတို့မှာ

(1) အပူ စွမ်းအင်
(2) သံလိုက် စွမ်းအင်
(3) လျှပ်စစ် စွမ်းအင်
(4) ရူပ စွမ်းအင်
(5) ဓါတု စွမ်းအင်
(6) အလင်း စွမ်းအင်
(7) အသံ စွမ်းအင်
(8) အနုမြူ စွမ်းအင် တို့ဖြစ်သည်။

Newton ၏ စွမ်းအင်တည်မြဲမှူ နိယာမ

စွမ်းအင်များကို ဖျက်စီးဖျောက်ဖျက်၍မရ၊ ပြုလုပ်ဖန်တီး၍လဲမရ၊ အသွင်ပြောင်း၍သာရသည်။

အပူစွမ်းအင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
ရေနွေးငွေ့အင်ဂျင် ဒိုင်နမို


သံလိုက်စွမ်းအင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
ကတ်ဆက်ဟတ် နှင့် တိပ်ခွေ


ရူပစွမ်းအင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
ရေအားလျှပ်စစ်


ဓါတုစွမ်းအင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
ဘက်ထရီအိုး


အလင်းစွမ်းအင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
ဂဏာန်းပေါင်းစက်မှ ဖိုတိုဆဲလ် (သို့) ဆိုလာပြား


အသံစွမ်းအင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
မိုက်နှင့်စကားပြောခြင်း


အနုမြူစွမ်အင် မှ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲခြင်း
အနုမြူ ဒြပ်ပေါင်းဖို


ထိုနည်းတူ လျှပ်စစ်စွမ်းအင်မှ အခြားစွမ်းအင်များအဖြစ်ပြောင်းလဲနိုင်ပါသေးသည်။

လျှပ်စစ်စွမ်းအင် မှ အပူစွမ်းအင်သို့ပြောင်းလဲခြင်း
မီးဖို/မီးပူ


လျှပ်စစ်စွမ်းအင် မှ သံလိုက်စွမ်းအင်သို့ပြောင်းလဲခြင်း
မော်တာ


လျှပ်စစ်စွမ်းအင် မှ ဓါတုစွမ်းအင်သို့ပြောင်းလဲခြင်း
ဓါတ်ရည်စိမ်လုပ်ငန်း (ရွှေရည်၊ ငွေရည်)


လျှပ်စစ်စွမ်းအင် မှ အလင်းစွမ်းအင်သို့ပြောင်းလဲခြင်း
မီးလုံး/မီးချောင်း


လျှပ်စစ်စွမ်းအင် မှ အသံစွမ်းအင်သို့ပြောင်းလဲခြင်း
စပီကာ


စသည်ဖြင့် စွမ်းအင်တစ်ခုမှ အခြားစွမ်းအင်တစ်ခုသို့ ပြောင်းလဲနိုင်ပါသည်။စွမ်းအင်တစ်ခုမှ အခြားစွမ်းအင်
တစ်ခုသို့ ပြောင်းလဲရာတွင် ကြားခံစွမ်းအင်တစ်ခု အသုံးပြုရခြင်းများလဲရှိတက်ပါသည်။
ဥပမာ။           ။ရူပစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲပေးသော ရေအားလျှပ်စစ်တွင် ဒိုင်နမိုနှင့်တွဲး
ထားသော ဒလက်များကိုရေအားဖြင့်လည်စေသည်။ဒလက်များလည်သောအခါ ဒိုင်နမိုလဲလည်၍ ဒိုင်နမိုမှ
လျှပ်စစ်ဓာတ် ထွက်ပေါ်လာသည်။ဒိုင်နမိုလည်လျှင် လျှပ်စစ်ဓာတ်ထွက်လာစေရန် ဒိုင်နမိုအတွင်း၌ သံလိုက်စွမ်းအင်ကို အသုံးပြုထားသည်။ထို့ကြောင့် ရေအားလျှပ်စစ်တွင် ရူပစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့
ပြောင်းလဲရာ၌ သံလိုက်စွမ်းအင်ကို ကြားခံစွမ်းအင်တစ်ခုအဖြစ် အသုံးပြုထားကြောင်းတွေ့ရသည်။

စွမ်းအင်ဆုံးရှုံးမှု

အလင်းစွမ်းအင်ကိုအလိုရှိသောကြောင့် မီးလုံးတစ်လုံးကို အသုံးပြုရာတွင် မီးလုံးမှအလင်းစွမ်းအင်နှင့်အတူ အပူစွမ်းအင်အနည်းငယ် ထွက်ရှိပါသည်။အပူစွမ်းအင်ကို အလိုမရှိသောကြောင့် စွမ်အင်ဆုံးရှုံးမှုဖြစ်ပါ
သည်။ထိုနည်းတူ အပူစွမ်းအင်ကိုအလိုရှိသောကြောင့် မီဖိုတစ်ခုကိုအသုံးပြုရာတွင် မီးဖိုမှအပူစွမ်းအင်နှင့်
အတူအလင်းစွမ်းအင်အနည်းငယ် ထွက်ရှိပါသည်။အလင်းစွမ်းအင်ကို အလိုမရှိသောကြောင့် စွမ်အင်ဆုံးရှုံး
မှုဖြစ်ပါသည်။

မောင်တီထွင်

1 comments:

Thank You So much.

Post a Comment